Variety of Sound is 64 bit NOW!

လွန်ခဲ့တဲ့ 2008 2009 လောက်ထဲက Free Analog emulation plugins ကောင်းတွေထုတ်တဲ့ Variety of Sounds Company က အခုဆို သူတို့ရဲ့ Plugins တွေကို 64 bit version ကို update လိုက်ပါပြီ

အခုလို Digital ခေတ်မှာ Analog ကိုဘာကြောင့် အသုံးပြုနေကြသေးလဲဆိုရင် Analog Gear တွေကလုပ်တဲ့ Processing က အသံကိုလဲ အများကြီး မပျက်စီးစေပဲ ကိုယ်အသုံးပြုတဲ့ Gear အပေါ်လိုက်ပြီး Warm or Saturated or Sharp or Glue ဖြစ်သွားစေတယ် အသံကိုလှသွားစေတယ်ပေါ့ Digital နည်း (Programming) နဲ့ ဖန်တီးလို့မရတဲ့ Color မျိုးမို့ Analog Gear or Analog Emulation Plugins တွေဟာ အသုံးဝင်နေဆဲ အသုံးပြုနေကြဆဲဖြစ်ပါတယ်

Variety of Sound Company ဟာ အခု နာမည်ကြီးနေတဲ့ Free Analog emulation plugins တွေထုတ်တဲ့ Analog Obession ဆိုတဲ့ Company လိုပဲ သူကတော့ စီနီယာ ပိုကျတာပေါ့

Variety of Sound plugins တွေကလဲ Free ဆိုပေမ Quality ကောင်းတယ် အသံကောင်းတယ် အသုံးဝင်တယ် ကိုယ့် Production မှာ Analog Color ထည့်ချင်တဲ့သူတွေအတွက် ရှယ်ပဲ Free နဲ့ပေးတယ်ဆိုတာ တော်တော်ရက်ရောတာပဲ

Variety of Sound plugins ထဲမှာ

FerricTDS – Tape Saturation Plugin ,Thrillseeker LA – Exciter, Tesla Pro – Transient Saturation, BootEQ – EQ + Amp , EpicVerb – Reverb ဆိုတာ နာမည်ကြီး အသုံးများတဲ့ Plugin တွေ

အခြား Mixing and Mastering အတွက် Plugins တွေကလဲ ကောင်းတယ် အသုံးများကြတယ်

အခုတော့ FerricTDS, PreFIX, Denstiy, EpicVerb, NastyDLA, BaxterEQ တို့ကိုပဲ 64bit Version သုံးနိုင်ပါသေးတယ် နောက်ရက် Beta ကာလ အတွင်း သူတို့ စမ်းသပ်ပြီးတာနဲ့ ကျန်တဲ့ plugins တွေလဲ ထွက်လာပါလိမ့်မယ်

အဲ့ဒီ့တော့ ကိုယ်က Analog Gear တွေကို စိတ်ဝင်စားရင် or Analog Color ကို ကိုယ့် Production မှာထည့်ချင်ရင်

Variety of Sound plugins တွေကို သုံးကြည့်ပါလို့တိုက်တွန်းလိုက်ပါရစေဗျာ

CPU လည်း မစားဘူး File Size လည်းသေးတယ် Free လည်းဆိုတော့ စဥ်းစားမနေနဲ့တော့ Download ပြီးသုံးလိုက်တော့ ကြိုက်မှာသေချာတယ် 🙂

How to Download : Variety of Sound Downloads ဒီကနေသွားပြီး မိမိ လိုအပ်ရာ Plugin နာမည်ဘေးက download ကိုနှိပ်ပါ

Leave a comment